Facebook ပေါ်က အကြံပြုချက်များအကြောင်း
လင့်ခ်ကို ကူးယူရန်
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုသူများအတွက် လူမှုအဖွဲ့အစည်းအသစ်များနှင့် အကြောင်းအရာအသစ်များကို ကူညီရှာဖွေပေးနိုင်ရန် တစ်ဦးချင်းစီအလိုက် စိတ်ကြိုက်သတ်မှတ်ထားသော အကြံပြုချက်များအား ဖန်တီးပေးနေပါသည်။ Facebook နှင့် Instagram နှစ်ခုလုံးအနေဖြင့် လူများက စောင့်ကြည့်ထားခြင်း မရှိသေးသော အကြောင်းအရာ၊ အကောင့်များ၊ အဖွဲ့အစည်းများ (စာမျက်နှာများ၊ အဖွဲ့များ သို့မဟုတ် ပွဲအစီအစဥ်များ) ကို အကြံပြုနိုင်ပါသည်။ ကျွန်ုပ်တို့၏ အကြံပြုချက်များတွင် ပါဝင်သော ဥပမာအချို့မှာ သင်နှစ်သက်နိုင်သော စာမျက်နှာများ၊ သတင်းစဥ်ပေါ်မှ "သင့်အတွက် အကြံပြုထားသော" ပို့စ်များ၊ သင်သိနိုင်သောသူများ၊သို့မဟုတ် သင်ပါဝင်သင့်သောအဖွဲ့များ စသည်တို့ ဖြစ်ကြပါသည်။
ကျွန်ုပ်တို့၏ မျှော်မှန်းချက်မှာ ကြည့်ရှုသူတိုင်းအတွက် သက်ဆိုင်မှုရှိပြီး တန်ဖိုးရှိသော အကြံပြုချက်များ ပေးနိုင်ရန် ဖြစ်ပါသည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်စီအတွက် စိတ်ကြိုက်ဖန်တီးထားသော အကြံပြုချက်များဖြင့် ကျွန်ုပ်တို့၏ မျှော်မှန်းချက်ဆီသို့ ရောက်ရှိနိုင်ရန် လုပ်ဆောင်နေပါသည်။ ဆိုလိုသည်မှာ တစ်ဦးတစ်ယောက်စီတိုင်းအတွက် သီးသန့်အကြုံပြုချက်များ ဖန်တီးပေးခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် သင်နှင့် အခြားတစ်ယောက်တွင် တူညီသော Facebook သူငယ်ချင်းများရှိနေပါက ထိုသူအား သင်၏ သူငယ်ချင်းအသစ်ဖြစ်နိုင်မည့်သူအဖြစ် ကျွန်ုပ်တို့ အကြံပြုနိုင်ပါသည်။
အကြံပြုချက်များအတွက် Facebook ၏ အခြေခံစံနှုန်းများ
Facebook တွင် လူများအတွက် မည်သည့်အကြောင်းအရာများ အကြံပြုမည်ကို ထိန်းချုပ်စီမံသည့် လမ်းညွှန်ချက်များ ရှိပါသည်။ ကျွန်ုပ်တို့၏ အကြံပြုချက်ဆိုင်ရာ လမ်းညွှန်ချက်များမှ တစ်ဆင့် အရည်အသွေးနိမ့်သော၊ ကန့်ကွက်မှုများရှိနိုင်သော သို့မဟုတ် အထူးသဖြင့် ထိခိုက်လွယ်သော အကြံပြုချက်များကို မပြုလုပ်မိစေရန် ကျွန်ုပ်တို့ လုပ်ဆောင်နေပါသည်။ အသက် ၁၈ နှစ်အောက် အသုံးပြုသူများအတွက် Facebook တွင် ထပ်ဆောင်း အသက်အရွယ်နှင့် သင့်လျော်သော အကြောင်းအရာ လမ်းညွှန်ချက်များရှိပါသည်။ အကြံပြုမည့် အကြောင်းအရာများနှင့် ဆက်သွယ်မှုများမှာ သင်စောင့်ကြည့်ရန် မရွေးချယ်ရသေးသော အကောင့်များ သို့မဟုတ် အဖွဲ့အစည်းများမှ ဖြစ်သောကြောင့် ကျွန်ုပ်တို့၏ အကြံပြုချက်ဆိုင်ရာ လမ်းညွှန်ချက်များသည် လူမှုစံနှုန်းဆိုင်ရာ လမ်းညွှန်ချက်များထက် ပိုမိုမြင့်မားသော စံနှုန်းများကို ထိန်းသိမ်းရန် ဒီဇိုင်းရေးဆွဲထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ပလက်ဖောင်းပေါ်တွင် ခွင့်ပြုထားသော အကြောင်းအရာအားလုံးသည် အကြံပြုချက်အတွက် သင့်လျော်မည် မဟုတ်ပါ။ ဤအကြံပြုချက်ဆိုင်ရာ လမ်းညွှန်ချက်များနှင့် ကိုက်ညီမှုမရှိသော အကြောင်းအရာများ၊ အကောင့်များနှင့် အဖွဲ့အစည်းများကို ဖော်ထုတ်ရန်အပြင် ၎င်းတို့ကို အကြံပြုခြင်းမှ ရှောင်ရှားရာတွင် အကူအညီအဖြစ်စေရန်အတွက် နည်းပညာကို ကျွန်ုပ်တို့ အသုံးပြုပါသည်။ ပုံမှန်အတိုင်းပင် ကျွန်ုပ်တို့၏ လူမှုစံနှုန်းများအား ပိုမိုပြင်းထန်စွာ ချိုးဖောက်သည့်အရာများကို Facebook မှ ဖယ်ရှားသွားပါမည်။
အဆိုပါ လမ်းညွှန်ချက်များကို ရေးဆွဲရာတွင် အကြံပြုသူစနစ်များ၊ ထုတ်ဖော်ပြောကြားမှု၊ ဘေးကင်းလုံခြုံရေးနှင့် ဒီဂျစ်တယ် အခွင့်အရေးတို့ကို အထူးပြုထားသော အထင်ကရကျွမ်းကျင်သူ ၅၀ ထံမှ အကြံဉာဏ်များကို ရယူခဲ့ပါသည်။ အဆိုပါ ဆွေးနွေးတိုင်ပင်မှုများသည် ရေးဆွဲထားသော လမ်းညွှန်ချက်များကို တိုးတက်လာအောင်ပြုလုပ်ရန်နှင့် ကျွန်ုပ်တို့ ပလက်ဖောင်းပေါ်ရှိ လူများအနေဖြင့် အကြံပြုချက်များ ရရှိသောအခါ ၎င်းတို့အတွက် ကောင်းမွန်လုံခြုံသော အတွေ့အကြုံများ ပေးစွမ်းနိုင်ရန်အတွက် ကျွန်ုပ်တို့ အဆက်မပြတ် လုပ်ဆောင်နေသော ကြိုးပမ်းအားထုတ်မှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အရွယ်ရောက်ပြီးသူများအတွက် သင့်လျော်သော်လည်း ဆယ်ကျော်သက်များအတွက်မူ သင့်တော်မှု မရှိနိုင်သည့် အကြောင်းအရာ အမျိုးအစားများကို ပိုမိုနားလည်နိုင်ရန် ကမ္ဘာတစ်ဝန်းရှိ လူငယ်ရေးရာ ကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ဆယ်ကျော်သက်များအတွက် အဆင့်မြှင့်ထားသော ကာကွယ်မှုများကို ပံ့ပိုးပေးနေစဉ်တွင် ကျွန်ုပ်တို့၏ ကမ္ဘာအနှံ့ရှိ လူမှုအဖွဲ့အစည်းများအတွက် သင့်လျော်သော အကြံပြုချက်များကို ပံ့ပိုးပေးနိုင်ရန် ကျွန်ုပ်တို့၏ လမ်းညွှန်ချက်များကို ရည်ရွယ်ဖန်တီးထားပါသည်။
ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းအား မျက်ခြေမပြတ်သိရှိစေရန်နှင့် အကြောင်းအရာ ဖန်တီးသူများအား အကြံပြုချက်များနှင့် ပတ်သက်ပြီး လမ်းညွှန်ချက်ပေးနိုင်ရန်အတွက် ကျွန်ုပ်တို့ အကြံပြုမိခြင်းမှ ရှောင်ရှားလိုသော အကြောင်းအရာ၊ အကောင့်များနှင့် အဖွဲ့အစည်း အမျိုးအစားများဆိုင်ရာ ထပ်ဆောင်းအချက်အလက်များ ပေးလိုပါသည်။
အကြောင်းအရာ အကြံပြုချက်များ
ကျွန်ုပ်တို့ ပလက်ဖောင်းပေါ်တွင် ခွင့်ပြုထားသော အကြောင်းအရာ အမျိုးအစား ငါးမျိုးရှိပါသည်။ သို့သော် ၎င်းတို့အားလုံးသည် အကြံပြုချက်များအတွက် သင့်လျော်မှုရှိသည်ဟု မဆိုနိုင်ပါ။ အောက်တွင် အဆိုပါ အမျိုးအစားများကို မြင်သာသည့် ဥပမာများနှင့်တကွ ဖော်ပြထားပါသည်။
ဘေးကင်းလုံခြုံမှုရှိသော လူမှုအဖွဲ့အစည်းကို မြှင့်တင်မည့် ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်ကို အဟန့်အတား ဖြစ်စေသော အောက်ပါ အကြောင်းအရာများ -
-
မိမိကိုယ်ကို ထိခိုက်စေမှု၊ သေကြောင်းကြံစည်မှု သို့မဟုတ် အစားအသောက် မူမမှန်ခြင်းစသည်တို့နှင့်ပတ်သက်ပြီး ဆွေးနွေးသော အကြောင်းအရာသာမက သေခြင်းတရား သို့မဟုတ် စိတ်ကျရောဂါတို့ကို ပုံဖော်ထားသော သို့မဟုတ် လေးနက်သည့်အရာမဟုတ်သလို ဆိုရင်းပြုထားသော အကြောင်းအရာ။ (မိမိကိုယ်ကိုသေကြောင်းကြံစည်မှု သို့မဟုတ် မိမိကိုယ်ကို နာကျင်စေမှုတို့ကို အားပေးသော သို့မဟုတ် အနိဋ္ဌာရုံ ပုံရိပ်များနှင့် ပတ်သက်သော အကြောင်းအရာများကို ကျွန်ုပ်တို့ ဖယ်ရှားပါသည်)။ စိတ်သောကဖြစ်စေနိုင်သော သို့မဟုတ် ထိခိုက်လွယ်နိုင်သော အကြောင်းအရာများကို ဆယ်ကျော်သက်များ မမြင်တွေ့ရစေအောင် ကာကွယ်ရန် မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုဆိုင်ရာ အကြောင်းအရာအချို့ကို ကျွန်ုပ်တို့ ဖျောက်ထားပါသည်။ ဥပမာအားဖြင့် အောက်ပါတို့ကို ကျွန်ုပ်တို့ အသက်ကန့်သတ်ပါမည်-
- ပြန်လည်ထူထောင်လာသည့် အခြေအနေတွင် ဖော်ပြသည်မှလွဲ၍ တစ်စုံတစ်ယောက်က မိမိကိုယ်ကို သေကြောင်းကြံစည်မှု၊ မိမိကိုယ်ကို နာကျင်စေမှု သို့မဟုတ် အစားအသောက် မူမမှန်ခြင်းနှင့်ပတ်သက်၍ ကိုယ်တိုင်ကြုံတွေ့ရသည်များကို ဖော်ပြသည့် ပို့စ်တစ်ခု။
- ဆေးရုံတစ်ခုတွင် လူများက ညင်သာစွာ ဇီဝိန်ခြွေပေးခြင်း သို့မဟုတ် မိမိကိုယ်ကို သေကြောင်းကြံစည်ရန် ကူညီပေးခြင်းတွင် ထိတွေ့လုပ်ဆောင်နေသည်ကို ပြထားသည့် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခု။
- တစ်စုံတစ်ဦးက သူတို့ကိုယ်တိုင် အလွန်အမင်း ကိုယ်အလေးချိန်လျှော့ချခြင်း အမူအကျင့် လုပ်ဆောင်နေကြောင်း ပြောနေသည့် စတိုရီတစ်ခု။
-
လူများခိုက်ရန်ဖြစ်ပွားခြင်း ကဲ့သို့သော အကြမ်းဖက်မှုကို သရုပ်ဖော်နိုင်ခြေရှိသော အကြောင်းအရာများ။ (ရက်စက်ကြမ်းကြုတ်ဖွယ် မြင်ကွင်းဆိုင်ရာ အကြောင်းအရာများ ကို ကျွန်ုပ်တို့ ဖယ်ရှားပါသည်။) အနိဋ္ဌာရုံနှင့် စိတ်အနှောင့်အယှက်ဖြစ်စေသော ပုံရိပ်အများစုကို အရွယ်ရောက်ပြီးသူများအတွက် သတိပေးချက် မျက်နှာပြင်တစ်ခုနောက်တွင် ထားရှိ၍ ကျွန်ုပ်တို့ခွင့်ပြုပေးမည် ဖြစ်သော်လည်း ၎င်းတို့ကို ဆယ်ကျော်သက်များ မမြင်ရအောင် ကျွန်ုပ်တို့ ဖျောက်ထားပါမည်။ ဥပမာအားဖြင့် အောက်ပါတို့ကို ကျွန်ုပ်တို့ အသက်ကန့်သတ်ပါမည်-
- အရွယ်ရောက်ပြီးသူများအတွက် သတိပေးချက် မျက်နှာပြင်တစ်ခုဖြင့် ကျွန်ုပ်တို့ ဖုံးအုပ်ထားသည့် ဆိုးရွားပြင်းထန်စွာ မီးလောင်ကျွမ်းခံရသော လူပုဂ္ဂိုလ်တစ်ဦး၏ ဓာတ်ပုံတစ်ပုံ။
- ပစ်ခတ်မှုများ၊ ရက်စက်ကြမ်းကြုတ်မှု သို့မဟုတ် အကြီးအကျယ် ကားတိုက်မှုများပါရှိသော ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခု။
-
ဖောက်ထွင်းမြင်နိုင်သော အဝတ်အစားနှင့် လူပုံများ ကဲ့သို့သော လိင်အသားပေး ညစ်ညမ်းသော သို့မဟုတ် အရိပ်အမြွက်ပြဆွဲဆောင်သော အကြောင်းအရာများ။ (အဖော်အချွတ် သို့မဟုတ် လိင်မှုကိစ္စ ပါဝင်သည့် အကြောင်းအရာများကို ကျွန်ုပ်တို့ ဖယ်ရှားပါသည်။) ညစ်ညမ်းရိုင်းစိုင်းသော အဖော်အချွတ် သို့မဟုတ် လိင်မှုကိစ္စ မပါဝင်သော်လည်း လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြသည်ဟု ယူဆနိုင်သည့် ထပ်ဆောင်း အကြောင်းအရာများကို ဆယ်ကျော်သက်များ မတွေ့အောင် ကျွန်ုပ်တို့ ဖျောက်ထားသည်။ ဥပမာအားဖြင့် အောက်ပါတို့ကို ကျွန်ုပ်တို့ အသက်ကန့်သတ်ပါမည် -
- ဒစ်ဂျစ်တယ် အပေါ်လွှာဖြင့် ဖုံးအုပ်ထားသည့် အဖော်အချွတ်ကဲ့သို့ အဖော်အချွတ်ဖြစ်လုနီးပါး ပို့စ်တစ်ခု။
- တစ်စုံတစ်ဦး၏ တင်ပါးကို ပုံချဲ့ထားသည့် ဓာတ်ပုံတစ်ပုံ။
- လိင်ပိုင်းဆိုင်ရာ တင်စားမှုများ အသုံးပြုခြင်းအပါအဝင် ကာမဆက်ဆံမှုကို ဖော်ပြသည့် လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြသော စကားအသုံးအနှုန်းပါသည့် စတိုရီတစ်ခု။
-
ဆေးရွက်ကြီး သို့မဟုတ် အီးစီးကရက် ထုတ်ကုန်များကဲ့သို့သော ကန့်သတ်ချက်ရှိသည့် ထုတ်ကုန်များ၊ လိင်ဖျော်ဖြေရေးထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများ၊ သို့မဟုတ် ဆရာဝန် ညွှန်ကြားချက်ဖြင့် ရောင်းချရသည့် ဆေးဝါးများအား အသုံးပြုခြင်း အစရှိသည်တို့ကို အားပေးသော အကြောင်းအရာများ။ (ကန့်သတ်ချက်ရှိသော ထုတ်ကုန်အများစုကို ရောင်းချရန် သို့မဟုတ် ကုန်သွယ်ရန် ကြိုးစားသည့် အကြောင်းအရာများကို ကျွန်ုပ်တို့ ဖယ်ရှားပါသည်။) အန္တရာယ်ဖြစ်နိုင်ခြေရှိသော လှုပ်ရှားဆောင်ရွက်မှုများတွင် ပါဝင်ရန် ဆယ်ကျော်သက်များအား လွှမ်းမိုးနိုင်သည့် အကြောင်းအရာများကို ၎င်းတို့ မမြင်ရအောင် ဖျောက်ထားပါသည်။ ဥပမာအားဖြင့် အောက်ပါတို့ကို ကျွန်ုပ်တို့ အသက်ကန့်သတ်ပါမည် -
- ဥပဒေနှင့်အညီ ဆိုင်ခန်းဖွင့်ရောင်းချသည့် လုပ်ငန်းတစ်ခုက မျှဝေသည့်အခါ ဆေးရွက်ကြီး၊ နီကိုတင်းထုတ်ကုန်များ၊ အရက် သို့မဟုတ် သေနတ်များကို ရောင်းချရန် ကမ်းလှမ်းသော ပို့စ်တစ်ခု။
- စိတ်ကိုလှည့်စားသော အာနိသင်ရှိသည့် ဆေးဝါးများ (အင်သီအိုဂျင်အဖြစ်လည်း သိကြသည်) သို့မဟုတ် ဆေးခြောက်ထုတ်ကုန်များကို သုံးစွဲရန် လူများအား တိုက်တွန်းသော စတိုရီတစ်ခု။
- အရက်ပါသော အဖျော်ယမကာများအတွက် ဖျော်စပ်နည်းများပါသော ရုပ်ပုံများ။
- ကိုယ်အလေးချိန်ကျစေသော ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို ရောင်းချသည့် ပို့စ်တစ်ခု။
- ကိုယ်အလေးချိန် လျှော့ချသည့် ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများနှင့် အလှအပရေးရာ ခွဲစိတ်မှုများအား အသုံးပြုခြင်းကို အားပေးသော သို့မဟုတ် ထောက်ခံအားပေးသော အကြောင်းအရာများ။
- ထောက်ခံချက် မပေးနိုင်သော အကောင့် သို့မဟုတ် အဖွဲ့အစည်းတစ်ခုမှ ဝေမျှခဲ့သော အကြောင်းအရာများ (ဥပမာ - အောက်တွင် ဖော်ပြထားသော အဖွဲ့များ သို့မဟုတ် စာမျက်နှာများ)။
အရည်အသွေးနိမ့် ဖြန့်ချိခြင်းများနှင့် ဆက်စပ်နေသော အောက်ပါအကြောင်းအရာများ -
- အကြောင်းအရာ တန်ဖိုး ထပ်တိုးဖြည့်စွက်ထားခြင်းမရှိဘဲ အခြားအရင်းအမြစ်တစ်ခုမှ ၎င်းတို့၏ရည်ရွယ်ချက်နှင့်ကိုက်ညီအောင် ကြီးမားစွာ ဖြည့်စွက်ပြောင်းလဲထည့်သွင်းထားသော ကိုယ်ပိုင်ဖန်တီးထားခြင်း မဟုတ်သည့် အကြောင်းအရာများ။
- အမှန်တကယ် ရှိနေသောအကြောင်းအရာနှင့် မဆက်စပ်သည့် ရှည်လျားသော ခေါင်းစီးစာတန်းများနှင့် လူအများကြား ထိတွေ့မှု များသယောင်ဖန်တီးကာ ပိုမိုများပြားသော ပရိသတ်ထံ ဖြန့်ဝေရန်ရည်ရွယ်ချက်ဖြင့် တက်ညီလက်ညီ မှတ်ချက်ဝင်ပေးကြသော အဖွဲ့ကွန်ရက်များ။
မှားယွင်းသော သို့မဟုတ် နားလည်မှုလွဲစေသော အောက်ပါအကြောင်းအရာများ - Meta က ကြားခံပြင်ပအဖွဲ့၏ အချက်အလက်စစ်ဆေးမှုကို ပံ့ပိုးထားသောနိုင်ငံများတွင် သီးခြားလွတ်လပ်သော အချက်အလက်စစ်ဆေးသူများက မှန်ကန်မှုမရှိဟု တွေ့ရှိထားသော ပြောဆိုချက်များပါဝင်သည့် အကြောင်းအရာများ။ (ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှု သို့မဟုတ် မဲပေးသူများ မဲမပေးဖြစ်စေရန် ဖိနှိပ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည့် သတင်းအချက်အလက်အမှားများကို ကျွန်ုပ်တို့ ဖယ်ရှားပါသည်။)
အကောင့်နှင့် အဖွဲ့အစည်း အကြံပြုချက်များ
အောက်ပါတို့ကိုပြုလုပ်ထားသော (ပရိုဖိုင်များနှင့် စာမျက်နှာ စီမံသူများအပါအဝင်) အကောင့်များ သို့မဟုတ် (စာမျက်နှာများ၊ အဖွဲ့များ သို့မဟုတ် ပွဲအစီအစဉ်များကဲ့သို့သော) အရာများကို ပုံမှန်အားဖြင့် ကျွန်ုပ်တို့အကြံမပြုပါ -
- လတ်တလောတွင် ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်ထားသည့် အကောင့်များ သို့မဟုတ် အရာများ။ ၎င်းတွင် ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်ခြင်းကြောင့် တစ်နည်းအားဖြင့် ကျွန်ုပ်တို့၏ ပလက်ဖောင်းပေါ်မှ ဖယ်ရှားလိုက်သော အကောင့်များ သို့မဟုတ် အဖွဲ့အစည်းများ မပါဝင်ပါ။
- (အဖွဲ့များ သို့မဟုတ် စာမျက်နှာများနှင့် ဆက်စပ်နေသည့် အမည်များ သို့မဟုတ် မျက်နှာဖုံးဓာတ်ပုံများ အပါအဝင်) အကြောင်းအရာများကို ထပ်ခါထပ်ခါ နှင့်/သို့မဟုတ် လတ်တလောအတွက် မျှဝေထားသည့် အကောင့်များ သို့မဟုတ် အရာများ။ အထက်ပါ အကြောင်းအရာ အကြံပြုချက်များကဏ္ဍတွင် ဖော်ပြထားသည့် အမျိုးအစားအားလုံးတွင် အကြံမပြုမိအောင် ကျွန်ုပ်တို့ ကြိုးပမ်းအားထုတ်ပါသည်။
- ‘နှစ်သက်မှု’ ဝယ်ယူခြင်းကဲ့သို့သော စောင့်ကြည့်သူ ပိုမိုများပြားစေရန်အတွက် နားလည်မှုလွဲစေသော လုပ်ဆောင်ချက်များအား ထပ်ခါထပ်ခါ ထိတွေ့လုပ်ဆောင်ခြင်း။
- Meta ကုမ္ပဏီမှ ပြင်ပအဖွဲ့အစည်းများ၏ အချက်အလက်စစ်ဆေးခြင်းလုပ်ငန်းကို ပံ့ပိုးပေးထားသည့် နိုင်ငံများတွင် လွတ်လပ်သော ပြင်ပအချက်အလက်စစ်ဆေးသူများက "မှားယွင်းသည်" သို့မဟုတ် "ပြုပြင်ဖန်တီးထားသည်" ဟု ဆုံးဖြတ်ထားသော အချက်အလက်များကို မကြာသေးမီကသော်လည်းကောင်း၊ ထပ်ခါတလဲလဲသော်လည်းကောင်း ပို့စ်တင်ထားခြင်း။
- အကြမ်းဖက်မှုနှင့် ဆက်စပ်နေသော အင်တာနက်ပြင်ပမှ လှုပ်ရှားမှုများ သို့မဟုတ် အဖွဲ့အစည်းများနှင့် ဆက်နွယ်နေသည့် အကောင့်များ သို့မဟုတ် အရာများ။
- ဆယ်ကျော်သက်များအတွက် အသက်အရွယ်နှင့် မသင့်လျော်သော အကြောင်းအရာများကို ပုံမှန်မျှဝေလေ့ရှိကြောင်း စစ်ဆေးတွေ့ရှိထားသည့် အကောင့်များ သို့မဟုတ် အကောင့်အမည်နှင့် ကိုယ်ရေးအကျဉ်းအရ ဆယ်ကျော်သက်များနှင့် မသင့်လျော်ကြောင်း ဖော်ပြနေသည့် အကောင့်များကို ဆယ်ကျော်သက်များထံ အကြံပြုပေးမည် မဟုတ်ပါ။
လူများမှ အထက်တွင်ဖော်ပြထားသော သတ်မှတ်စံနှုန်းများနှင့်ကိုက်ညီသည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ထိတွေ့ဆက်ဆံရမည့် အချိန်အခါမျိုးတွင် အချက်အလက်စုံလင်စွာရရှိပြီး ဆုံးဖြတ်ချက်ချနိုင်စေရန် လူများကို အသိပေးခြင်းဖြင့် ကူညီသွားပါမည်။
အလားတူ လမ်းညွှန်ချက်များသည် Instagram ပေါ်ရှိ အကြုံပြချက်များတွင်လည်း သက်ရောက်မှုရှိပါသည်။ အဆိုပါလမ်းညွှန်ချက်များအား Instagram အကူအညီစင်တာတွင် ရှာဖွေတွေ့ရှိနိုင်ပါသည်။
ဆက်စပ် ဆောင်းပါးများ
ဆက်စပ် ဆောင်းပါးများ
အကူအညီ ရယူနိုင်တဲ့ အခြားနည်းလမ်းများ
Meta AI ပံ့ပိုးကူညီရေး လက်ထောက်နဲ့ စကားပြောရန်
ပြဿနာတွေကို ဖြေရှင်းတာ၊ ပြောင်းလဲမှုတွေ ပြုလုပ်တာနဲ့ အချိန်နဲ့တစ်ပြေးညီ ပံ့ပိုးကူညီမှု ရယူတာတွေကို လုပ်ဆောင်လိုက်ပါ
